International News

ချွတ်ခြုံကျနေသော Cathay လေကြောင်းလိုင်း လဲပြိုမသွားအောင် ဟောင်ကောင်ဒေါ်လာ ဘီလီယံ နှင့်ချီ၍ ပံ့ပိုးပေးခြင်း

Last Updated:

COVID-19 ကြောင့် နိုင်ငံတကာခရီးသွားလာမှုများ ထိခိုက်လျက်ရှိရာ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်လှုပ်ရှား နေရသော Cathay Pacific အား ဟောင်ကောင်အစိုးရမှ ဟောင်ကောင်ဒေါ်လာ (၃၉) ဘီလီယံ ငွေကြေးအထောက်အပံ့ ပေးခဲ့ ကြောင်း၊ ငွေကြေးအချက် အချာကျသည့် ဟောင်ကောင်‌‌ဒေသ၏ လေကြောင်းကုန်တင်ပို့မှု (air cargo) ၏ ငါးပုံနှစ်ပုံနှင့် ခရီးသွား တစ်ဝက်ခန့်ကျော်ကို သယ်ယူပို့ဆောင်ပေးနေသည့် လေကြောင်းလိုင်းဖြစ်ရာ လုပ်ငန်း လဲပြိုနိုင်ချေများနေကြောင်း၊ ဟောင်ကောင် ဒေသ၏ စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် ရန်နှင့် လေကြောင်းလိုင်းလုပ်ငန်းအား အကာအကွယ်ပေးနိုင်ရန် ငွေကြေး အထောက်အကူပေးခြင်းဖြစ်ကြောင်း၊ လေကြောင်းဆိုင်ရာ အခွင့်အ‌ရေးများကိုလည်း အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ Cathay လေကြောင်းလိုင်း ပြေးဆွဲမှုများနှင့်ပြေးဆွဲသည့် လမ်းကြောင်းများကိုဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိလျှင် ဟောင်ကောင် ဒေသအနေဖြင့်တရုတ်ပြည်မကြီးနှင့်အခြားသောနိုင်ငံများမှယှဉ်ပြိုင်ဘက်လေကြောင်းလိုင်းများကိုကျရှုံးနိုင်ကြောင်း၊ လေကြောင်း လိုင်းအား ထိခိုက်မှုရှိလျှင် စီးပွားရေးလုပ်ငန်းများအပေါ်လည်း ဆိုရွားစွာသက်ရောက်နိုင်ပြီး ဒေသတစ်ခုလုံး၏ အကျိုး စီးပွားကို ထိခိုက်နစ်နာစေနိုင်ကြောင်း၊ ဒေသအစိုးရမှ ရှယ်ယာတန်ဖိုး ဟောင်ကောင် ဒေါ်လာ (၁၉.၅) ဘီလီယံကို ဝယ်ယူနိုင်ရန် Aviation 2020 ကုမ္ပဏီအသစ်ကို တည်ထောင်ကာ ရှယ်ယာ (၆.၀၈) ရာခိုင်နှုန်း ဝယ်ယူမည်ဖြစ်ကြောင်း၊ လက်ရှိ ရှယ်ယာရှင်များ မှာ Swire Pacific မှ (၄၂.၂၆) ရာခိုင်နှုန်း၊ Air China မှ (၂၈.၁၇) ရာခိုင်နှုန်းနှင့် Qatar Airways မှ (၉.၃၈) ရာခိုင်နှုန်း အသီးသီး ရှိကြောင်း၊ ရှယ်ယာအသစ် ဝယ်ယူရာတွင် Swire Pacific မှ ဟောင်ကောင်ဒေါ်လာ (၅.၃) ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ Cathay လေကြောင်းလိုင်းအား ငွေကြေးအထောက်အပံ့ပေးမည့် အတည်ပြုချက် စောင့်ဆိုင်းရန် ရှယ်ယာများ ရောင်းဝယ်မှုကို ၉-၆-၂၀၂၀ ရက်နေ့က ရပ်ဆိုင်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ လေကြောင်းလိုင်းကဏ္ဍမှ အလုပ်သမား (၃၃၀,၀၀၀) ဦးအတွက် အလုပ် အကိုင်များပံ့ပိုးပေးနိုင်ပြီး နိုင်ငံခြားသားခရီးသွားများ လာရောက်မှုမှာ ဒေသဂျီဒီပီ၏ ၄.၉ ရာခိုင်နှုန်းရှိကြောင်း၊ Cathay လေကြောင်းလိုင်းသည် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ခရီးသွားလာမှု (၅၀) ရာခိုင်နှုန်းကို ဆောင်ရွက်ပေးလျက် ရှိပြီး လေကြောင်းကုန်တင်ပို့မှုတွင် ကမ္ဘာ့အဆင့်(၅) နေရာတွင်ရှိကြောင်း၊ သို့သော် COVID-19 ကြောင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ခရီးသွားများလာရောက်မှု (၉၉) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ Cathay လေကြောင်းလိုင်းအား ချွတ်ခြုံကျစေကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Danny Lee က “Battered Cathay Handed billions to Avoid Collapse ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်)

Category: International News